ရန်ကုန် ၁၅ စက်တင်ဘာ
(၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဦး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ခင်မောင်လင်း၊ သန်လျင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး စိုးဝင်းတို့ ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့မိသားစုဝင်များသည် ယနေ့ နံနက် ၇ နာရီက သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)


