ကော့သောင်း ၁၅ စက်တင်ဘာ
ကော့သောင်းမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အမှာစကား ပြောကြားပြီး မြို့နယ် ဥပဒေအထောက်အကူပေးရေး အဖွဲ့ဝင်များက ပြည်သူများ ဥပဒေကိစ္စရပ်များနှင့် ရင်ဆိုင်ကြုံတွေ့ရပါက သိသင့်သိထိုက်သည်များ၊ ရပ်ကွက်အတွင်း အိမ်ရှင်အိမ်ငှား ကိစ္စရပ်များ၊ မြေယာပိုင်ဆိုင်မှု ကိစ္စဆိုင်ရာ အငြင်းပွားမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ တရားရုံးများ၏ တရားစီရင်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


