ထီးလင်း ၁၅ စက်တင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် စာစီစာကုံး/ကဗျာ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ထီးလင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲများတွင် ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲတွင် (၃၀)ဦး၊ ကဗျာပြိုင်ပွဲတွင် (၃၀)ဦး စုစုပေါင်း(၆၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာ ဆရာမများနှင့် ဌာနဝန်ထမ်းများက ပြိုင်ပွဲဝင်စာမူများကို စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


