ရန်ကုန်  ၁၅   စက်တင်ဘာ 


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ် ဓမ္မာရုံ၌ ကျင်းပသည်။


အစည်းအဝေးတွင် သဘာပတိနိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့  ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဓမ္မရောင်ခြည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မ က အဖွင့် သမ္မောဒနီယ ဩဝါဒကထာမြွက်ကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။


ထို့နောက် ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၁၉) အစည်းအဝေးမှတ်တမ်းကို တင်ပြအတည်ပြချက်ရယူပြီး တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို လျှောက်ထားသည်။


ဆက်လက်၍ ဗဟိုပညာရေးအဖွဲ့(၂/၂၀၁၉) အစည်းအဝေးမှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်း၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်/မန္တလေး)တို့မှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။


ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားသည်။


အစည်းအဝေးသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)မှ ပါမောက္ခချုပ် ဆရာတော်နှင့် ဒုတိယပါမောက္ခချုပ်ဆရာတော်များ၊  သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဝင်များ  တက်ရောက်ကြသည်။ 


(သတင်းစဉ်)

 

HP_