ကောလင်း  ၁၅  စက်တင်ဘာလ    


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကိုဂုဏ်ပြုသောအားဖြင့် မြို့လုံးကျွတ်စုပေါင်းအမှိုက်ကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ စုပေါင်းအမှိုက်ကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများစုပေါင်း၍ အမှိုက်ကောက်ခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့သည်။ Clean Kawlin အဖွဲ့မှ ဦးထွန်းလင်းက " ယခုကဲ့သို့စုပေါင်းအမှိုက်ကောက်ခြင်းအားဖြင့် ပြည်သူများ အမှိုက်များကို အမှိုက်ပုံးများသို့စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း" ပြောကြား မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။


MDN