လားရှိုး ၁၆  စက်တင်ဘာ 

 

အောက်တိုဘာ၁ရက်နေ့တွင် ကျရောက်မည့်(၅၅)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်းခြင်းကိုယနေ့နံနက်၉နာရီကဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ရဲမှူးကြီးဗညားဦး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊ဒုတိယရဲမှူးကြီးထွန်းခိုင်ဦးဆောင်သောတပ်ဖွဲ့ဝင်များကလားရှိုးပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်၌စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

 

7

 

ဒုတိယပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ(၈)ဦး၊ခရိုင်ရဲတပ်ဖွဲ့ရုံးမှ(၂၃)ဦး၊ယာဉ်ထိန်းရဲတပ်ဖွဲ့မှ(၁၀)ဦး၊ရထားရဲတပ်ဖွဲ့မှ(၃)ဦး၊SBတပ်ဖွဲမှ(၆)ဦးစုစုပေါင်းရဲတပ်ဖွဲ့ဝင်(၅၀) တို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး အာဟာရအင်အားဖြည့်ဓာတ်စာများကိုဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)

 

5