မိုင်းဖြတ်    ၁၆  စက်တင်ဘာ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဝမ်နောင် ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် တာချီလိတ်ခရိုင်၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ဌေးဌေးမော် က အဖွင့်အမှာစကားပြောကြားပြီး မိုင်ဖြတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ စုစုလှိုင်က သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ 

 

ထို့နောက် တာချီလိတ်ခရိုင်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဌနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ဖြူဖြူထွန်းတို့က ကျေးရွာအတွင်း ဖွဲ့စည်းထားရှိသည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် ၁၂ဦးတို့အား ဝတ်စုံများနှင့် ရင်ထိုးတံဆိပ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ဝမ်နောင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျောင်းထိုင် ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ တာချီလိတ်ခရိုင်၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ဌေးဌေးမော်နှင့် အဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ်၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့ဝင် များသည် မွန်းလွှဲ ၁၂နာရီခွဲတွင်   အသက်(၉၀)နှစ်ရှိ ဒေါ်နာမူး၊ ဒေါ်ပါမွန်းတို့အား အဟာရနှင့်အလှူငွေများနှင့် နန်းခမ်းတောင် ကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာမှ တီဘီရောဂါဝေဒနာရှင် သုံးဦးအား  အဟာရနှင့် ဆေးဝါးများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)