မြိတ်  ၁၆  စက်တင်ဘာ  

 

 (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များစုပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် အလက(ခွဲ)ရေပုန်း စာသင်ကျောင်းနှင့် တောင်သာယာဘိုးဘွားရိပ်သာတို့တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

 

777777777

 

စုပေါင်းသန့်ရှင်းရေးကို စာသင်ကျောင်းဝင်းနှင့် ဘိုးဘွားရိပ်သာဝင်းတို့တွင် ခြင်များခိုအောင်းနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး တောင်သာယာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား နံနက်စာ မုန့်ဟင်းခါး၊ လက်ဖက်ရည် ကျွေးမွေးလှူဒါန်းခဲ့ကြပြီး ဘိုးဘွားများ၏ ခြေသည်းလက်သည်းများ ညှပ်ပေးခြင်းကို ကုသိုလ်ပြု စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

99999

 

အလက(ခွဲ)ရေပုန်း စာသင်ကျောင်းနှင့် တောင်သာယာဘိုးဘွားရိပ်သာတို့၌ စုပေါင်းသန့်ရှင်းရေးကို မြိတ် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့၊  ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မူးယစ် (အထူး)ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ  စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

   ခိုင်ထူး ( မြိတ် ပြန်/ဆက် )