၁၆ စက်တင်ဘာ
အမျိုးသမီးများ၏ ကမ္ဘာ့ပန်းခြံစကိတ်စီး ချန်ပီယံပွဲတွင် အသက်၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်စနေနေ့က ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့တွင် ကျင်းပသော နောက်ဆုံးပွဲစဉ်တွင် စုစုပေါင်း ၆၁ ဒသမ ၁၇ ရမှတ်ဖြင့် မီဆုဂု အိုကာမိုတို အနိုင်ရရှိခဲ့သည်။
အခြားသော ဂျပန်လူမျိုး စကိတ်စီးသူတစ်ဦးဖြစ်သော အသက် ၁၇ နှစ်အရွယ် ဆာကူရာယိုဆိုဇူမိ က ငွေတံဆိပ် ရရှိခဲ့သည်။
အိုကာမိုတိုသည် ကနဦးတွင် ဆုတ်ဆိုင်းမှုရှိသော်လည်း အောင်မြင်မှု ရရှိခဲ့သည်။
လာမည့်နှစ်တွင် ကျင်းပမည့် တိုကျို အားကစားပြိုင်ပွဲသည် ၎င်း၏ အိုလံပစ် ပွဲဦးထွက် စကိတ်စီးပွဲဖြစ်မည်ဟု ဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို