၁၆ စက်တင်ဘာ

 

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင် နှင့် ဥရောပသမဂ္ဂဥက္ကဌ ဂျန်ကာတို့ ဘယ်လဂျီယမ်နိုင်ငံ လူဇင်ဘတ်မြို့မှာ ဒီကနေ့ တွေ့ဆုံပြီး ဘရစ်ဇစ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ အီးယူကနေ ထွတ်ခွာမယ့်ရက် မတိုင်မီ သီတင်းခြောက်ပတ်အလိုမှာ အခုလိုတွေ့ဆုံတာဖြစ်ပါတယ်။

 

ဂျွန်ဆင် ဝန်ကြီးချုပ်ရာထူးယူပြီး ကတည်းက အီးယူဥက္ကဌနဲ့ တွေ့ဆုံတာ ပထမဦးဆုံးဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို အီးယူရဲ့ ဘရစ်ဇစ်ညှိနှိုင်ရေးမှူး မိုက်ကယ် ဘာနီရာလည်း တက်ရောက်မှာဖြစ်သလို ဂျွန်ဆင်နဲ့အတူ ဘရစ်ဇစ်ဝန်ကြီး စတိ ဘာကလေ နဲ့ ဝန်ကြီးချုပ်ရဲ့ ဘရစ်ဇစ်ကိုယ်စားလှယ် ဒေးဗစ် ဖို့ဒ်တို့လည်း တက်ရောက်မယ်လို့ သိရပါတယ်။ 

 

ဝန်ကြီးဟောင်း ဒေးဗစ် ဂုခ် က ဝန်ကြီးချုပ် ဂျွန်ဆင်မှာ အိုင်ယာလန်အနောက်တံခါးနဲ့ပတ်သတ်ပြီး အစားထိုးစရာ အစီအစဉ်အသစ် မရှိသေးဘူးလို့ပြောပါတယ်။ 

 

အောက်တိုဘာ ၁၉ ရက်နေ့မှာ သဘောတူညီချက်မရခဲ့ရင် အီးယူကနေ ဗြိတိန်ထွက်ခွာရေးမှာ ရက်တိုးဖိုး လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်ကို  လွှတ်တော်မရပ်နားခင်က တောင်းဆိုကြပါတယ်။ 

 

ဝန်ကြီးချုပ်ဂျွန်ဆင်ကလည်း အောက်တိုဘာ ၃၁ ရက်နေ့မှာ သဘောတူညီချက်ရသည်ဖြစ်စေ မရသည်ဖြစ်စေ အီးယူကနေ ထွက်မယ်လို့ ပြောဆိုထားသလို အီးယူဥက္ကဌကလည်း ဘရစ်ဇစ်နဲ့ပတ်သတ်ပြီး နောက်ထပ် ဆွေးနွေးစရာ မရှိဘူးလို့ ပြောဆိုထားပါတယ်။ 

 

အီးယူဥက္ကဌနဲ့တွေ့ဆုံအပြီး ဂျွန်ဆင်ဟာ ဘယ်လဂျီယမ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ရှိပြီး ဝန်ကြီးချုပ် နှစ်ယောက်ရဲ့ သတင်းစာရှင်းလင်းပွဲလည်း လုပ်ဆောင်မယ်လို့ သိရပါတယ်။ 

 

MDN
ကိုးကား - AFP

 

္၃၃၃