နေပြည်တော် ၁၆ စက်တင်ဘာ
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr.Tim Enderlin ကို ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်ထောင် စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် ဥပဒေ၊ အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေနှင့် သားဆက်ခြား ကျန်းမာရေး ဥပဒေတို့ ပြဋ္ဌာန်း ဆောင်ရွက်မှုအခြေအနေများ၊ အမျိုးသားမြေယာဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံအား အထောက်အပံ့ပြုနေသည့် စီမံကိန်းလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


