နေပြည်တော် ၁၆ စက်တင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr.Lee Sang-hwa အား ယနေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းနှင့်ဇနီးတို့၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း သတင်းထုတ်ပြန်ဆောင်ရွက်ပေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရုပ်ရှင်ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


