မော်စကို ၁၇ စက်တင်ဘာ
အာတိတ်ဒေသ၌ စစ်ရေးအရတည်ရှိမှုကို တိုးမြှင့်ရန်ကြိုးပမ်းနေသည့် ရုရှားသည် နိုဗာယာဇမ်လျာကျွန်းစု၌ အက်စ်၄၀ဝ ဒုံးခွင်းစနစ်များကို ဖြန့်ကြက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အက်စ် ၄၀ဝ ဒုံးခွင်းစနစ်သည် ကမ္ဘာ့နည်းပညာအမြင့်ဆုံး ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုအနက် တစ်ခုဖြစ်ပြီး ကီလို မီတာ ၄၀ဝ နှင့် အထက်တွင်ရှိသည့် ရန်သူ့ပစ်မှတ်များကို ထိမှန်နိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ရုရှားသည် အာတိတ်ဒေသရှိ ၎င်း၏ စစ်ဘက်အခြေခံအဆောက်အအုံများကို သိသိသာသာ အဆင့်မြှင့်တင်ခဲ့သည်။
ရုရှားသည် မဟာဗျူဟာအရ အရေးပါပြီး တွင်းထွက်သယံဇာတကြွယ်ဝသည့် အာတိတ်ဒေသကို ထိပ်တန်းဦးစားပေး စာရင်းတွင် ထည့်သွင်းခဲ့ပြီး မိမိနိုင်ငံကို အာတိတ်ဒေသနိုင်ငံတစ်ခုအဖြစ် သွတ်သွင်းရန် ပိုမိုအလေးပေးလာခဲ့သည်။
အေအက်ဖ်ပီ