ပလောက်  ၁၇ စက်တင်ဘာ  


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ဝေလံ‌ခေါင်ပါး‌သော ထီးလူးကျေးရွာ၌ ဒေသခံ ပြည်သူများအား ယ‌နေ့နံနက်ပိုင်းတွင် ပြည်ခြားကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ သားဖွားဆရာမ ဒေါ်ဖြိုးလဲ့ရည်နှင့် အဖွဲ့က ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ ဆေးကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ထီးလူးကျေးရွာရှိ ဒေသခံပြည်သူများအား ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးရောဂါ အကြောင်းများကို ကျန်းမာ‌ရေး အသိပညာပေး ဟော‌ပြောခဲ့ပြီးနောက် အထွေထွေရောဂါများ အခမဲ့စမ်းသပ်၍ ဆေးဝါးများ ကုသပေးခဲ့ကြောင်း သိရှိရသည်။


နိုင်ဦး (ပလောက်ပြန်/ဆက်)