မိုးညှင်း ၁၇ စက်တင်ဘာ                           


ကချင်ပြည်နယ် ချီဖွေလျပ်စစ်ဓါတ်အားပေးစက်ရုံ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ကြောင့် 66KV  မိုးညှင်းခွဲရုံ ၊ ဟိုပင်ခွဲရုံ ၊ မိုးကောင်းခွဲရုံ ၊ ဖားကန့်ခွဲရုံ၊ မြစ်ကြီးနားခွဲရုံ (၂) နှင့် (၃)မှလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှု အဆင်မပြေဖြစ်ခဲ့ပြီး ယခုအခါ စက်ရုံပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့်လျှပ်စစ်ဓါတ်အားများ ပုံမှန် ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


ချီဖွေငယ်ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံအား စက်တင်ဘာလ(၇)ရက်မှစ၍ စက်ရုံတွင်းရှိ စက်များအားလုံး ရပ်တန့်ပြီး ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ယခုခါလုပ်ငန်းများပြီးစီး၍ စက်တင်လ (၁၆) ရက်နံနက် ( ၉) နာရီတွင် Intake Gate များကိုဖွင့်ကာ ဥမင်အတွင်း ရေများစတင်သွင်းနေပြီ ဖြစ်သည်။ 


စက်တင်ဘာ (၁၇) ရက် နေ့လည်ပိုင်းလောက်တွင် ဥမင်အတွင်း ရေပြည့်မည်ဖြစ်သဖြင့် စက်များကို စမ်းသပ်မောင်းနှင်မည်ဖြစ်ရာ လိုအပ်ချက်များမရှိပါက ညနေပိုင်းလောက်တွင် နိုင်ငံတော်ဓါတ်အားစနစ်ဖြင့် Synchro ချိတ်မည်ဖြစ်သည်။ စမ်းသပ်မောင်းနှင်ရာတွင် လိုအပ်ချက် ရှိနေပါက စက်တင်ဘာလ (၁၈) ရက်တွင် နိုင်ငံတော်ဓါတ်အားစနစ် ကွန်ရက် (National Grid) ဖြင့် Synchro ချိတ်ဆက်ပြီး မီးအား (Voltage) ပြည့်မီစွာဖြင့် ပုံမှန်အတိုင်း လျှပ်စစ်ဓါတ်အား များကို ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ချွန်တွန်း