ရွှေတောင် ၁၇ စက်တင်ဘာ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများတွင် လိုအပ်သည့် အရင်းအနှီးများ ထုတ်ချေးပေး နိုင်ရေးအတွက် JICA (TSL) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးမှ အဖွင့်အမှာစကား ပြောကြားပြီး ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာက JICA (TSL) ချေးငွေဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)


