ဘုတလင် ၁၇ စက်တင်ဘာ
လယ်ယာထွက်ကုန် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများအား ကျန်းမာရေးနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ခရမ်းချဉ် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရမ်းချဉ် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းသင်တန်းကို စက်တင်ဘာ (၂၁) ရက်မှ (၂၂) ရက်အထိ ညောင်ကန်ကျေးရွာတွင် (၂) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဥယျာဉ်နှင့် ဇီဝဌာနခွဲမှ ဝန်ထမ်းများက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ထုတ်ပိုးခြင်းနည်းပညာ၊ အစားအစာအန္တရာယ် ကင်းရှင်းရေးနှင့် လက်တွေ့ဆောင်ရွက်ရာတွင် သတိပြုရမည့် အချက်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးမည် ဖြစ်သည်။
အဆိုပါ သင်တန်းကို မဲခေါင်လန်ချန်းစီမံကိန်း၏ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးခြင်း အစီအစဉ်အရ ဖွင့်လှစ်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘုတလင် မြို့နယ်နှင့် ချောင်းဦးမြို့နယ် (၂)မြို့နယ်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်(ဘုတလင်)


