ကျောက်ထု ၁၇  စက်တင်ဘာ 


ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကြီးကျေးရွာ အထကတွင် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ က ပြုလုပ်သည်။


အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးသန်းဦးက စားသုံးရန် မသင့်သည့် အစားအသောက်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောသည်။


ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ ၆၇ ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်သား ကျောင်းသူများ ၁၂၈ ဦးတို့ တက်ရောက်ကြ၍ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သတင်းရရှိသည်။


မြို့နယ်ပြန်/ဆက်