ဖားဆောင်း ၁၇ စက်တင်ဘာ
ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်း-မော်ချီးလမ်း ၁၂မိုင် ကုန်းဆင်းတွင် စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီခွဲခန့်က မော်ချီးမှ လွိုင်ကော်သို့ weel loader မြေကော်စက် တင်ဆောင်လာသည့် ၁၈ဘီး တွဲကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မော်ချီးဘက်မှ ဖားဆောင်းဘက် သို့ ယာဉ်မောင်း ကျော်သူ(၂၈)နှစ် မလှိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် 9B/---- UD လိုင်စင် (စိစစ်ဆဲ) အစိမ်းရောင် ၁၈ဘီး တွဲကားပေါ်တွင် CAT အမျိုးအစား weel loader မြေကော်စက် တင်ဆောင်မောင်းနှင်လာစဉ် ဖားဆောင်း-မော်ချီးလမ်း ၁၂ မိုင် ကုန်းဆင်းသို့ ရောက်ရှိစဉ် အရှိန်မထိမ်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အကူယာဉ်မောင်း တင်ကိုလတ်(၃၁)နှစ်၊ ကွက်ကြီး ကျေးရွာအုပ်စု ၊ မြောက် ရဲစု ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကျော်သူ(၂၈)နှစ်၊ မလှိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူနှင့် သံချောင်း (၂၂)နှစ်၊ ယာဉ်နောက်လိုက် မလှိုင်မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီးနေသူတို့အား ဖားဆောင်းမြို့ အခြေစိုက် ရွှေပြည်သို့လူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ကူညီကယ်ဆယ်ခဲ့ကြ ပြီး ဖားဆောင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းကျော်သူအား ဖားဆောင်း မြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။
ကိုစိုင်း (လွိုင်ကော်)