လင်းခေး     ၁၇  စက်တင်ဘာ  


The Asia Foundation ၏ ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ကမ္ဘောဇ လူငယ်စာဖတ် အသင်းနှင့် လင်းခေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ ပူးပေါင်း၍ (Mobile Information Literacy Training and Voter Education) ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းမစတင်မီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှူး ဒေါ်နန်းဆိုင်စိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ သင်တန်းစီစဉ်သူ ဉီးရဲအောင်နှင့် ဒေါ်မေနှင်းကျော်တို့က (ကမ္ဘောဇလူငယ်စာဖတ်အသင်း၊ တောင်ကြီး)က သင်တန်းပို့ချပေးမည့် အကြောင်းအရာများနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။ 


သင်တန်းတွင် မိုဘိုင်း/ဒစ်ဂျစ်တယ်သတင်းအချက်အလက်များဆိုင်ရာ ပညာရပ်များကို နည်းပြဆရာ ဉီးစိုင်းမြတ်ဇင်ထွန်းနှင့် ဒေါ်မမိုးသန္တာဉီးတို့က ပို့ချသင်ကြားပေးမည်ဖြစ်ပြီး) ရွေးကောက်ပွဲဆိုင်ရာ ပညာဘာသာရပ်အား ဉီးရဲအောင်နှင့် ဒေါ်မေနှင်းကျော်(ကမ္ဘောဇလူငယ်စာဖတ် အသင်း)က ပို့ချသင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းကာလမှာ(၅)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသို့ လင်းခေးခရိုင် အတွင်းရှိ လင်းခေး၊မိုးနဲ၊မောက်မယ်၊မိုင်းပန်မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။


စိုင်းဇော်လတ်(ပြန်/ဆက်)