မြို့သစ် ၁၇ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ရတနာ)ခန်းမ၌ ယနေ့နံနက် ပိုင်းက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မြို့သစ်မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးခင်ထွန်းမှ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ခြင်းနှင့် ယင်းသို့ဆောင်ရွက်ခြင်းကို ဇူလိုင်လပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း ယခုအချိန်တွင် ကျောင်းသား ကျောင်းသူ (၅၆၀) ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောပြသည်။
ထို့နောက် မြို့သစ်မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးခင်ထွန်းနှင့်ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
အခမ်းအနားသို့ မြို့သစ်မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ တက်ရောက်ကာ ကျောင်းသား ကျောင်းသူ (၂၀ဝ) အား နိုင်ငံသားကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)


