မန္တလေး ၁၇ စက်တင်ဘာ 


အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်သော (၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို မန္တလေးပြည်သူ့ ဆေးရုံကြီးသွေးလှူဘဏ်တွင် စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။


ထို့သို့ဆောင်ရွက်ရာတွင် အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး) တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး တင်မျိုးအောင်၏ ကြီးကြပ်မှုဖြင့် အမှတ်(၁၄)  ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး) ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူး မြင့်အောင် ဦးဆောင်သော မန္တလေးမြို့ပေါ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု/စိတ်များမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၃၄ ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။


သန်းဇော်မင်း(ပြန်/ဆက်)