လွန်ခဲ့သည့် သုံးနှစ်က ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာနေရာဖြစ်သည့် ဘုရားကျောင်းအတွင်းမှ ကယ်တင်ခဲ့သည့် ကျားကောင်ရေ ၁၅၀ကျော် အနက် ထက်ဝက်ကျော် သေဆုံးမှုမှာ မျိုးတူစပ်မှုပြုလုပ်ခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ ဘုရားကျောင်းတွင် တိရစ္ဆာန်မှောင်ခိုကုန်ကူးမှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ကျားများကို ၂၀၁၆ခုနှစ်တွင် နိုင်ငံပိုင်ဘေးမဲ့တောသို့ ပြောင်းရွှေ့ခဲ့သည်။
မည်သည့်အမှားများကိုမှ ကျူးလွန်ခြင်းမရှိကြောင်း အဆိုပါ ဘုရားကျောင်းက ငြင်းဆိုခဲ့သည်။
ကျားကောင်ရေ ၈၆ကောင်မှာ ကိုယ်ခံအားနည်းကာ ဗိုင်းရပ်စ်ရောဂါများဖြစ်ပွားပြီးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်းထိုင်းမီဒီယာများက ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံသဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ တိရစ္ဆာန်ဆရာဝန်တစ်ဉီးက ယမန်နေ့က အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ကျားများသည် ကျန်းမာရေးထိခိုက်မှုကို ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသည့် မျိုးတူစပ်မှုပြုလုပ်ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Pattarapol Maneeorn က ပြောကြားခဲ့သည်။
ကျန်ရှိနေသော ကျားများကို ကာကွယ်ဆေးထိုးရန် လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်