ဆားလင်းကြီး ၁၇ စက်တင်ဘာ 


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်တွင် အက်ရှင်အေဒ့်မြန်မာက ကြီးမှူး၍ ပန်ချီနှင့်လက်မှုပညာတန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 


သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်ဆန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အက်ရှင်းအေ့ဒ်မြန်မာမှ ကလေးသူငယ်အခြေပြု ရပ်ရွာဖွံ့ဖြိုးရေးအစီအစဉ် စီမံကိန်းညှိနှိုင်းရေးမှူး တာဝန်ခံ ဒေါ်ဇင်နွယ်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းရာတွင် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်းချီနှင့်လက်မှုပညာသည် တစ်ထောင့်တစ်ကဏ္ဍမှ ပါဝင်ခြင်းကြောင့် သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သားပြီး မိမိတို့ကျေးရွာနှင့် ကျောင်းများရှိ ကလေးငယ်လေးများအား ပြန်လည်သင်ကြားပြသပေးစေလိုကြောင်း ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ အက်ရှင်းအေဒ့်မြန်မာ စီမံကိန်းဝင်ကျေးရွာ(၃၂)ရွာရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျေးရွာဖွံ့ဖြိုးရေးလူငယ်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၇ ရက်နေ့မှ စက်တင်ဘာ ၂၁ ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားပြသ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြို့နယ်ပြန်/ဆက်