ရန်ကုန် ၁၇ စက်တင်ဘာ


(၅)ကြိမ်မြောက် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် အခြေခံ သင်တန်းကို ကမ္ဘာ့အသိဉာဏ် ပစ္စည်းဆိုင်ရာ အဖွဲ့အစည်း (WIPO) နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MIPPA) က စက်တင်ဘာ (၂၁) ရက်တွင် ကမ္ဘာအေးစေတီလမ်း ဂမုန်းပွင့်ကုန်တိုက်ရှိ မြန်မာနိုင်ငံ အလှကုန်အသင်း၏ သင်တန်းခန်းမတွင် ဖွင့်လှစ်မည်ဖြစ်သည်။


အဆိုပါ သင်တန်းကို နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော တီထွင်ဖန်တီးမှုကို မြှင့်တင်အကာအကွယ်ပေးမည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို ပြည်သူ့လွှတ်တော်က ယခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးမှ တီထွင်ဖန်တီးသူများ၊ မူပိုင်ခွင့် အကျိုးဆောင်လိုသူများ၊ ရှေ့နေရှေ့ရပ်များနှင့် အများပြည်သူအား မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဖြန့်ဝေးပေးနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။


သတင်းစဉ်