၁၇ စက်တင်ဘာ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ကိုတာဘာတိုပြည်နယ်တောင်ဘက်တွင် ယနေ့မနက်စောပိုင်းက ထရပ်ကားတစ်စီး ချောက်ကမ်းပါးအတွင်းထိုးကျခဲ့ပြီးနောက် လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တီဘိုလီ မြို့ လမ်ဆာလုံ ကျေးရွာတစ်ရွာရှိ အဝေးပြေးလမ်းမကြီးတစ်လျှောက် ထရပ်ကားတစ်စီး မောင်းနှင်လာစဉ် လူ၂၀ဦးပါသော ထိုကားသည် လမ်းချော်ပြီးချောက်ကမ်းပါးတစ်ခုသို့ ထိုးကျခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ထိုကားမှောက်သည့် နေရာတွင် လူ ၁၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့သည်ဟု ကနဉီးသတင်းအရ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကိုတာဘာတိုပြည်နယ်တောင်ဘက်ရှိ ပြည်နယ်သဘာဝဘေး နှင့် ဘေးအန္တရာယ်လျှော့ချရေး စီမံခန့်ခွဲမှုရုံး ကယ်ဆယ်ရေးလုပ်ငန်းခေါင်းဆောင် ရိုလီ ဒိုရာနီ အကွီနို က ထိုယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆဖြစ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အကွီနို က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို