၁၇ စက်တင်ဘာ

ဂျာမူးနဲ့ ကတ်ချ်မီးယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း အသက် ၈၁ နှစ်အရွယ် ဖာရိုအပ်ဒူလာကို ဒီကနေ့ ဖမ်းဆီးလိုက်ပြီး တရားစီရင်ခြင်းမရှိဘဲ နှစ်နှစ်အထိ တရားစွဲဆိုခြင်းမရှိဘဲ ဖမ်းဆီးထားနိုင်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။ 

 

57

 

ကတ်ချ်မီးယားရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးနောက်ပိုင်း သြဂုတ်လဆန်းက ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အပ်ဒူလာကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် မနေ့ကတော့ ဝန်ကြီးချုပ်ဟောင်းကို ပြည်သူလူထုလုံခြုံရေးဥပဒေ (PSA) အရ ဖမ်းဆီးပြီး သူ့ရဲ့နေအိမ်ကိုလည်း ချိတ်ပိတ်လိုက်ကြောင်း ကတ်ချ်မီးယား ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ဒုတိယရဲမှူးက ပြေပါတယ်။ 

အိန္ဒိယက ကတ်ချ်မီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး နောက်တစ်ရက်မှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အပ်ဒူလာက သူ့ရဲ့အိမ် တံတိုင်းပေါ်တက်ပြီး မီဒီယာကို စကားပြောဆိုခဲ့သလို အိန္ဒိယရဲ့ အပြုအမှုကို ရှုတ်ချခဲ့ပါတယ်။ အဲဒီချိန်ကစပြီး အပ်ဒူလာဟာ ပြည်သူလူထုမြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။ မီဒီယာကို စကားပြောစဉ်မှယ အပ်ဒူလာက “နှစ်ပေါင်း ၇၀ ကြာပြီးနောက်မှာ ပြည်နယ်လူထုကို ဓားနဲ့ထိုးလိုက်တာ သာဖြစ်တယ်။ ပိတ်ထားတဲ့တံခါးတွေဖွင့်ဖွင့်ခြင်း လူထုကထွက်မှဘဲ”လို့ အိန္ဒိယရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားပါတယ်။ 

ပြည်သူလူထုလုံခြုံရေး ဥပဒေ (PSA) ဥပဒေဟာ ၁၉၇၀ နှစ်များဆီက အပ်ဒူလာရဲ့ ဖခင်ရှိတ်ခ်အပ်ဒူလာက သစ်ခိုးထုတ်သူတွေရန်ကို ကာကွယ်ရန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ် အိန္ဒိယကို ဆန့်ကျင်တဲ့ အချိန်ကလည်း PSA ဥပဒေကိုသုံးပြီး ထောင်ချီတဲ့ လူတွေကို ဖမ်းဆီးခဲ့ပါတယ်။ 

MDN
ကိုးကား - AFP