ရန်ကုန် ၁၇ စက်တင်ဘာ

ကမ္ဘာလုံးဆိုင်ရာ တရုတ်ရုပ်သံပြသမှု အစီအစဉ်အရ တရုတ်ကာတွန်း ဇာတ်လမ်းတွဲများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဧည့်ခန်းမ၌ ကျင်းပခဲ့သည်။

 

7222

 

ယနေ့လွှဲပြောင်းပေးအပ်သည့် ကာတွန်းဇာတ်လမ်းတွဲ ၃ တွဲမှာ “Chess Player (ကျားကွက်လူငယ်)”၊ “Monkey King (မျောက်ဘုရင်)”၊ “Huge Worm Park (ပိုးကောင်ကြီးဥယျာဉ်)” တို့ဖြစ်ပြီး မိတ်ဆွေအချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ရိုက်ကူးဖော်ပြပြီး  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်တွင် မြန်မာဘာသာ နောက်ခံစကားပြောဖြင့် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။

 

7249

 

ယနေ့အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wang Gaofeng က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ္တညွှန်ကြားရေးမှူး ဦးကြည်ထွန်းထံ တရုတ်ကာတွန်းဇာတ်လမ်းတွဲများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

သတင်းစဉ်