နေပြည်တော် ၁၇ စက်တင်ဘာ
Doing Business ကိစ္စရပ်များနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှု အခြေအနေများ ရှင်းလင်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက Ease of Doing Business Ranking တိုးတက်ရေးအတွက် အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့များအနေဖြင့် Standard Operating Procedure (SOP) ကို ပြန်လည်ရေးဆွဲနေပြီး အညွှန်းကိန်းတစ်ခုချင်းအတွက် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် E-Government ဖော်ဆောင်သော Diagram ကို အညွှန်းကိန်းအလိုက် အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်များမှ စုစည်းကာ တာဝန်ယူရေးဆွဲနေပြီဖြစ်ကြောင်း၊ E-Government စနစ် အသုံးပြုနိုင်ပါက မြန်မာနိုင်ငံ၏ Doing Business အဆင့်နှင့်ရမှတ်သည် ကောင်းမွန်လာမည်ဖြစ်သည့်အတွက် E-Government စနစ် တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ Doing Business နှင့် ပတ်သက်ဆက်နွယ်နေသည့် Secured Transaction Law နှင့် Insolvency Law တို့ကို ပြဌာန်းပြီး အာဏာသက်ဝင်သည့်အချိန်တွင် Getting Credit နှင့် Resolving Insolvency Indicator တို့အတွက် အမှတ်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အညွှန်းကိန်းအထောက်အကူပြု အဖွဲ့ခေါင်းဆောင်များမှ အညွှန်းကိန်းအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
သတင်းစဉ်


