ထားဝယ်  ၁၇  စက်တင်ဘာ

တနင်္သာရီ တိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာ အထက်တန်းနှင့် အခြေခံပညာ အလယ်တန်း ကျောင်းရှိ ကျောင်းသား ကျောင်းသူများအား အရှေ့တိုင်း ပုလဲကုမ္ပဏီလီမိတက် (Orient Pearl Co.Ltd) နှင့် Lesswalk Organization အဖွဲ့ တို့ပူးပေါင်း၍ စက်ဘီးအစီး (၁၀ဝ၀)  ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

6941

 

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကား ပြောကြားခဲ့ပြီး အရှေ့တိုင်း ပုလဲကုမ္ပဏီလီမိတက် မန်းနေဂျင်းဒါရိုက်တာ ဦးအောင်သူလွင်က ကျောင်းသား ကျောင်းသူများအတွက် စက်ဘီးများ ထောက်ပံ့လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

9462

 

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က "အရှေ့တိုင်း ပုလဲကုမ္ပဏီ လီမိတက်မှ မန်းနေဂျင်းဒါရိုက်တာ ဦးအောင်သူလွင်နှင့် Lesswalk Organization အဖွဲ့မှ ဦးသန်းထွန်းဝင်း တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူများက လှူဒါန်းသည့် စက်ဘီးအစီး(၁၀ဝ၀)စီးအား ကြည့်ရှု့ခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဉက္ကဋ္ဌ ဦးကြည်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရှေ့တိုင်း ပုလဲကုမ္ပဏီလီမိတက်နှင့် Lesswalk Organization အဖွဲ့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)