နေပြည်တော် ၁၇ စက်တင်ဘာ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနသို့ အလှူရှင်များမှ ခေတ်ဟောင်း (အင်္ဂလိပ်/ မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ဆက်သွယ်လှူဒါန်းလျက်ရှိရာ ဇူလိုင် (၂၄) ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဦးရေခဲလမ်း၊ အမှတ် (၉၇/စ) နေ ဒေါ်သောင်းသောင်း မိသားစုမှ ကက်ဆက်(၂)လုံး ဩဂုတ်(၁၆)ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ ဆေးရုံလမ်းနေ ဆရာမဒေါ်ခင်စန်းဝင်းမိသားစုမှ မြန်မာခေတ်ဟောင်းဓာတ် ပြား(၂၈)ချပ်၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သီရိရတနာရိပ်သာ၊ အမှတ်(၃) ရတနာသိပ္ပံလမ်းနေ ဦးသန်းထိုက်ဖေ+ ဒေါ်ခင်စန်းမိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၂၂)ချပ်၊ ဩဂုတ် (၂၀)ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ပါရမီ၊ မဉ္ဇူလမ်း၊ အမှတ်(၃၈/ဈ)နေ ဒုဗိုလ်မှူးကြီး ဘရီ(ငြိမ်း)+ ဒေါ်မေသန်း မိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား (၄၉)ချပ်၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ရွှေကျင်တိုက်သစ်နေ ဦးပညာသာမိမှ မြန်မာခေတ်ဟောင်းဓာတ်ပြား (၄)ချပ်နှင့် အင်္ဂလိပ်ခေတ် ဟောင်းဓာတ်ပြား(၁၃)ချပ်၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန်အိမ်ရာ၊ တိုက်(၂၀)၊ အခန်း(၂၅)နေ ဦးဝင်းမြင့်+ဒေါ်ဆန်းဆန်းဦး၊ ဒုညွှန်မှူးအသံလွှင့် (ငြိမ်း)မိသားစုမှ ကက်ဆက်ခွေ (တရားတော်+ တေးစီးရီး) (၁၀၄)ခွေ၊ တေးစီးရီး CD (၂၁)ချပ်၊ Video Tape Receiver (၁)လုံး၊ ဩဂုတ် (၂၁)ရက်တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်အိမ်ရာစခန်းသစ်၊ တိုက်(၃)၊ အခန်း(၁၁)နေ (ဦးသန်းမောင်)+ဒေါ်ရီရီမြင့်မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၄၂)ချပ်၊ ကြိုးခွေ(၁)ခွေတို့ကို လည်းကောင်း။
စက်တင်ဘာ(၁) ရက်တွင် မအူပင်မြို့၊ (၄)ရပ်ကွက်၊ (၄)လမ်း၊ အမှတ်(၁၅)နေ ဒေါ်ကျင်အေးမိသားစုမှ ကက်ဆက်ခွေ (၁၆၀)၊ စက်တင်ဘာ(၅)ရက်တွင် မအူပင်မြို့၊ (၆)ရပ်ကွက်၊ ခိုင်စံပယ်လမ်း၊ အမှတ် (၅၆)နေ (ဦးတင်ဝင်း)+ဒေါ်ကြည် မိသားစုမှ ကက်ဆက်ခွေ (၉၁)ခွေ၊ စက်တင်ဘာ (၈)ရက်တွင် ပြည်မြို့၊ ရွှေတံခါးရပ်ကွက်၊ (၂)လမ်း၊ အမှတ်(၃၄၃)နေ ဦးမောင်ကြည်+ဒေါ်ငြိမ်းငြိမ်း မိသားစုမှ Radio (၁)လုံး၊ စက်တင်ဘာ (၉)ရက်တွင် မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ ဝေယံဘုန်းမြင့်ကျောင်းတိုက်နေ ဦးဉတ္တမသာရမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား(၆၅၈)ချပ်၊ စက်တင်ဘာ (၁၆) ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၊ အမှတ်(၄၃)နေ ဒေါ်တင်တင်အေး မိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား အချပ်(၇၀)၊ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၊ (၄၁)ရပ်ကွက်၊ ပိတောက်မြိုင်လမ်း၊ အမှတ် (၁၃၂၇)နေ ဦးလုံရွှေ(ဟောင်ကောင်)အား ရည်စူး၍ သမီး ဒေါ်အေးအေးမြင့် မိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား (၁၄)ချပ်၊ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၂၂)ချပ်၊ ကြိုးခွေ (၉)ခွေ၊ ကက်ဆက်ခွေ (၅၅)ခွေ၊ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း၊ အမှတ်(၁၉၉)နေ ဦးခင်အေး(နာရီပြုပြင်ရေး)မိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား (၇၅)ချပ်တို့အားလည်းကောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးခွဲ (ရန်ကုန်)သို့ ဆက်သွယ်လှူဒါန်းခဲ့ကြသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ခေတ်ဟောင်း (အင်္ဂလိပ်/မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ထိန်းသိမ်းထားရှိလိုသဖြင့် လှူဒါန်းလိုသူများရှိပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဦးရန်နိုင်ထွန်း လက်ထောက်ညွှန်ကြားရေးမှူး (မှတ်တမ်း) ဖုန်း ဝ၆၇-၇၉၂၈၀ဖုန်း ဝ၉-၂၅၂၄၁၂၈၁၃၊ နေပြည်တော်(တပ်ကုန်း)နှင့် ဦးတင်အုန်း (ဦးစီးအရာရှိ) ဖုန်း ဝ၉-၄၂၀၂၅၂၀၆၈၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုံးခွဲ(ရန်ကုန်)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


