နမ့်ဆန်    ၁၈   စက်တင်ဘာ


ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျောင်းတိုက်ရှိ တိုက်ပွဲရှောင်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက ပြုလုပ်သည်။


တိုက်ပွဲရှောင် ပြည်သူများ မိမိနေရပ်သို့ ပြန်ရောက်ရှိချိန်တွင် တိုက်ပွဲနယ်မြေအတွင်း စစ်ကျန်လက်နက်များ၊ မြေမြုပ်မိုင်းများ၊ တိုက်မိုင်း၊ ဆွဲမိုင်း စသည့် မိုင်းနှင့်ပတ်သက်သည့် အန္တရာယ်များ ကင်းဝေးစေရန် သိကောင်းစရာများ၊ မိုင်းနှင့်ပတ်သက်သည့် ပစ္စည်းများ၊ စစ်ကျန် လက်နက်ပစ္စည်းများတွေ့ရှိပါက  ဆောင်ရွက်ရမည့် နည်းလမ်းများကို ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


ဟောပြောပွဲအပြီးတွင်  မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အောင်မိုး(နမ့်ဆန်ပြန်/ဆက်)