ကျောက်ဆည် ၁၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ရဲတပ်ဖွဲ့မှူး၊ ယာယီ ဒုတိယရဲမှူးကြီး အောင်မြင့်သိန်း ဦးဆောင်ပြီး အရာရှိနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်အင်အား(၅၂)ဦးတို့သည် (၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက ခုတင်(၂၀ဝ)ဆံ့ ကျောက်ဆည်အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းရာသို့ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်၊ သွေးတာဝန်ခံ၊ ရောဂါဗေဒဆရာဝန် ဒေါက်တာအောင်အောင်ဦးနှင့် ဝန်ထမ်းများက မှတ်တမ်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး အာဟာရဖြစ်ဆေးနှင့် အချိုရည်များ၊ မုန့်များ ပေးဝေခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ခရိုင်ပြန်/ဆက်)


