၁၈ စက်တင်ဘာ
အစ္စရေးနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အစ္စရေးနိုင်ငံ၏ အကြီးမားဆုံး ပြိုင်ဘက်ပါတီနှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏ လက်ယာယိမ်းပါတီတို့၏ ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိသည်။
ယမန်နေ့က စတင်ကျင်းပခဲ့သည့် အဆိုပါ ရွေးကောက်ပွဲ၏ မဲရလဒ်များကို စတင်ရေတွက်နေပြီဖြစ်သည်။
နေတန်ရာဟု၏ လီကွတ် ပါတီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဘန်နီဂန့်ဇ်၏ Blue and White ပါတီတို့မှာ အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိကြောင်း ဒေသန္တမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
မည်သည့်ပါတီမှ ပြတ်ပြတ်သားသားအနိုင်ရနိုင်ခြေမရှိ ဟု ဆိုသည်။
အဆိုပါ ရွေးကောက်ပွဲသည် ယခုနှစ်အတွင်း ဒုတိယအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ နေတန်ရာဟု၏ အစိုးရသည် ပြီးခဲ့သည့် ဧပြီလအတွင်းက ညွှန်ပေါင်းအစိုးရဖွဲ့ရန် ပျက်ကွက်ခဲ့ပြီးနောက် အဆိုပါ ပြဿနာကို ဖြေရှင်းရန် ရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့သည်။
အီရန်နှင့်ပါလက်စတိုင်းတို့ကို ဆန့်ကျင့်သည့်သူများ၏ ထောက်ခံမှုကြောင့် နေတန်ရာဟု၏ အာဏာမှာ ဆယ်စုနှစ်ကြာ တိုးချဲ့ ချုပ်ကိုင်နိုင်ခြင်းရှိမရှိကို အဆိုပါ ရွေးကောက်ပွဲရလဒ်များက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်