၁၈ စက်တင်ဘာ


အမေရိကန်အရာရှိများက ဆော်ဒီရေနံချက်စက်ရုံများအပေါ် အီရန်နိုင်ငံက တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်သည့် အဆိုပါကိစ္စရပ်များအပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ကို ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးမိုက်ပွန်ပီယိုသည် ဆော်ဒီအာရေဗျကို ထွက်ခွာသွားခဲ့သည်။

 

1

 


စနေနေ့က တိုက်ခိုက်မှု၏ နောက်ကွယ်တွင် အီရန်နိုင်ငံ ပါဝင်ပတ်သက်နေကြောင်း ဆော်ဒီအာရေဗျနှင့် အမေရိကန်ပြည်ထောင်စုတို့က အကြံပြုခဲ့သည်။ အီရန်နိုင်ငံကမူ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။


ဒေသတွင်း အီရန်နိုင်ငံ၏ ကျူးကျော်မှုကို  တုံ့ပြန်ရန် ညှိနှိုင်းမှုအတွက် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လမန်နှင့် မိုက်ပွန်ပီယိုတို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။


အာရပ်စော်ဘွားများနိုင်ငံကို မိုက်ပွန်ပီယိုသည် သွားရောက်လည်ပတ်မည်ဖြစ်သည်။


ကုလသမဂ္ဂ၏ အပြင်ဘက်တွင် ရှိနေသည့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့် တွေ့ဆုံဆွေးနွေးရန် မည့်သည့်အချိန်မှ ကြိုးစားမည် မဟုတ်ကြောင်း အင်္ဂါနေ့က ကယ်လီဖိုးနီးယား သွားသည့်လမ်းပေါ်တွင် သတင်းထောက်များကို ထရန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြ-မေဇော်ထက်