ဘားအံ  ၁၈ စက်တင်ဘာ

    
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဘားအံမြို့နယ်အတွင်း ကျေးရွာများတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာရရှိစေရေးအတွက် ရည်ရွယ်ပြီး စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက စတင်ကာ ဘားအံမြို့နယ်၊ ရေတံခွန်အောက်ကျေးရွာနှင့် ကော့မူးနုတ်ကျေးရွာများရှိ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ကျေးရွာဒေသခံပြည်သူများအား ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    

ထိုသို့ ဆောင်ရွက်ရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာသိမှတ်ဖွယ်ရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
    

ဆက်လက်၍ အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် ကျေးရွာဒေသခံပြည်သူများအား ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့် အလုပ်များအကြောင်း စသည့်အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးပြီး စာအုပ်စာစောင်များကို ငှားရမ်းပြသပေးရာ ကျောင်းသား/ ကျောင်းသူများက လေ့လာမှတ်သား ကြည့်ရှု့ကြကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)