၁၈ စက်တင်ဘာ
ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံလုပ်ငန်းများ တိုက်ခိုက်ခံရပြီးနောက် ရေနံထုတ်လုပ်မှု ပြန်လုပ်မည်ဟု ဆော်ဒီအာရေဗျနိုင်ငံက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ရေနံစိမ်း ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့သော်လည်း ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ယမန်နေ့က ရေနံစိမ်းဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကာ ရေနံစိမ်းတစ်စည်လျှင် ၅၉ ဒေါ်လာ ဖြင့် ဈေးပိတ်ခဲ့သည်။
လန်ဒန်တွင်လည်း ရေနံစိမ်းဈေးနှုန်း အနည်းငယ်သာကျဆင်းပြီး ရေနံစိမ်းတစ်စည်လျှင် ၆၄ ဒေါ်လာဖြင့် အဆုံးသတ်ခဲ့သည်။
ပထဝီဝင်နိုင်ငံရေး အန္တရာယ်နှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများ ကြီးထွားလာမှုကို ထပ်ဟပ်စေသည့် ပြီးခဲ့သည့် သီတင်းပတ်က ရေနံစိမ်းဈေးနှုန်းထက် နှစ်နေရာစလုံးတွင် ခြောက်ရာခိုင်နှုန်းကျော် မြင့်မားနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို