မိုးညို ၁၈ စက်တင်ဘာ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းသူမောင်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသက်ဇော် နှင့်အဖွဲ့များသည် ယနေ့ နံနက် ၁၁ နာရီခွဲက အင်းတ္တော်လုပ်အုပ်စု၊ ထိန်ကုန်းကျေးရွာတွင် မြစ်ကမ်းပါး ကမ်းပြိုခြင်းနှင့် နီးကပ်၍ နေအိမ်ကြိုတင် ရွေ့ပြောင်းမှုအတွက် ဦးကိုထွဋ်နှင့် မိသားစုဝင်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကို မိသားစုဝင်များထံ အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


