ရန်ကုန် ၁၈ စက်တင်ဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ တတိယမြောက် သမ္မတဟောင်း Prof. Dr. Ing Bacharuddin ကွယ်လွန်သွားသည့်အတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်း အမှတ်(၁၀ဝ)ရှိ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ် စာအုပ်၌ ယနေ့နံနက် ၁၀ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ တတိယမြောက် သမ္မတဟောင်းသည် ၁၉၉၈ ခုနှစ် မေ ၂၀ ရက်မှ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂၀ ရက်အထိ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


