နေပြည်တော် ၁၈ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms. Vanessa Chan နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် အဆင့်မြင့် နည်းပညာအသုံးပြုရန်နှင့် စံနှုန်းများနှင့် ညီညွတ်သော လုပ်ငန်းသုံး ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြုရန်ကိစ္စ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် ကျင့်သုံးဆောင်ရွက်လျက်ရှိသော တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် Microchip Ear Tag အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှု၊ စင်ကာပူနိုင်ငံမှ နည်းပညာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


