၁၈ စက်တင်ဘာ
၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ကမ္ဘာ့နိုင်ငံအားလုံးတွင် လိုက်နာကျင့်သုံးမည့် World H'Cap System (WHS) အသတ်မှတ်ခြင်းဆိုင်ရာ စနစ်သစ်အတွက် တိုင်းတာခြင်းများကို စက်တင်ဘာ ၁၆ ရက်မှစ၍ ရန်ကုန်မြို့ရှိ ဂေါက်ကွင်းများတွင် စတင်ပြုလုပ်လျက်ရှိသည်။
ယင်းစနစ်သစ်အတွက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်သည် မလေးရှာဂေါက်သီးအဖွဲ့ချုပ်၏ Handicap ကော်မတီနှင့် ပူးပေါင်း၍ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၊ မြန်မာဂေါက်သီးရိုက်အသင်း (၉)မိုင်၊ တောင်ဥက္ကလာဂေါက်ကွင်းနှင့် Dagon Golf City ဂေါက်ကွင်း (၄)ကွင်းတို့တွင် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယင်းကဲ့သို့ တိုင်းတာခြင်းများကို စက်တင်ဘာ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်