နေပြည်တော် ၁၈ စက်တင်ဘာ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr.John Nielsen နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ တွင်နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်သည့် စစ်တမ်းကောက်ယူမှုများတွင် နည်းပညာအကူအညီပေးရန်ကိစ္စ၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရေးအစီအစဉ်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)များ ဖွဲ့စည်းထားခြင်းနှင့် လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


