နေပြည်တော် ၁၈ စက်တင်ဘာ
ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်သည် UNICEF Myanmar မှMs. Alison Rhodes နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကလေးသူငယ်များနှင့်လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် UNICEF နှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်း၍ အခမ်းအနားတွင် ကလေးသူငယ်များ၊ လူငယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များတွေ့ဆုံနိုင်ရေး၊ အခြေခံပညာ/ အဆင့်မြင့်ပညာ ကျောင်းသူကျောင်းသားများ လုပ်ငန်းခွင်ဝင်လူငယ်များ၊ ပဋိပက္ခဒေသများရှိ လူငယ်များစုံလင်စွာ တက်ရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


