နေပြည်တော် ၁၈ စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီ ၂၀ မိနစ်က နယ်မြေခံတပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အမှတ်(၅၅၃) စစ်ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် သမီးလှကျွန်း (ခ) လိပ်ကျွန်း၏ အရှေ့တောင်ဘက် ၁၈ မိုင်ခွဲခန့်အကွာ၌ Nisadhi Mula-0356 GLE အမည်ပါ စက်ပျက်၍ မျောပါနေသော ငါးဖမ်းရေယာဉ် ၁ စီးပေါ်မှ သီရိလင်္ကာနိုင်ငံသား Mr. KB SANTHA (စိစစ်ဆဲ)ပါ (၅)ဦးအား တွေ့ရှိ၍ ကူညီကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN