စလင်း   ၁၉   စက်တင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဲ၊ သဲကျောက်စရစ် ထုတ်လုပ်ခွင့်လျှောက်ထားသည့်လုပ်ကွက်ကွင်းအမှတ်များသို့ ကော်မတီအဖွဲ့တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

၈

 

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများစီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြီးသိုက်၊ သမြင်ကင်း၊ မယ်ဇလီ ကွေ့ကွင်း၊ ရှားတော၊ ရမ်းဘိုကုန်း၊ မြောင်းဘောင်စသည့်ကျေးရွာများရှိ သဲ၊ သဲကျောက်စရစ်ထုတ်လုပ်ခွင့် လျှောက်ထားသည့်ကွင်းအမှတ်များနှင့် ဆင်ဖြူကျွန်းမြို့အမှတ်(၃)ရပ်ကွပ်ရှိကွင်းအမှတ်များသို့သွားရောက်၍ သက်ဆိုင်ရာထုတ်လုပ်ခွင့်လျှောက်ထားသူများနှင့်တွေ့ဆုံပြီး သတ်မှတ်ထားပေးထားသည့် နယ်နိမိတ်ဧရိယာအတွင်းထုတ်လုပ်ရန်၊ မိမိတို့လုပ်ကွက်အတွင်း သတ်မှတ်ကျင်း အရေအတွက်အတိုင်းသာ ထုတ်လုပ်ရန်၊ ကျင်းအရေအတွက်အား ကော်မတီသို့လစဉ်တင်ပြသွားရန်နှင့် လုပ်ငန်းဆိုင်းဘုတ်စိုက်ထူထားရှိရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 စိုးမိုးသူ( စလင်း)