ခင်ဦး   ၁၉    စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၌ နှစ်စဉ် စပါးစိုက်ဧက ၁၈ သိန်း ရှိပြီး လက်ရှိအချိန်တွင် ဧက ၁၃ သိန်းခန့် စိုက်ပျိုးပြီးစီး၍ စက်တင်ဘာ နောက်ဆုံးပတ်၌ လျာထားစိုက်ဧကပြည့်မီရန် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

7

 

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မိုးကောင်းတောဒေသများ၌ မိုးစပါးစိုက်ပျိုးရာသီ ကုန်ဆုံးသွားသော်လည်း မိုးစပါး လုံးဝနီးပါး မစိုက်ပျိုးနိုင်ခဲ့ဟု ခင်ဦးမြို့နယ် ကျွန်းပင်ကန်ကျေးရွာနေ လယ်သမား ဦးဇော်လင်းက ပြောသည်။

 

အဆိုပါ ခင်ဦးမြို့နယ်တွင် ဆည်ရေသောက်လယ်မြေဧက ငါးသောင်းနီးပါးခန့်ရှိရာ မိုးစပါးအားလုံး ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့သော်လည်း မိုးကောင်းတောဒေသများတွင် လယ်မြေဧက လေးသောင်းနီးပါးခန့်မှာ မိုးစပါးစိုက်ပျိုးရာသီ ကုန်ဆုံးသွားသော်လည်း မိုးစပါးစိုက်ဧက လုံးဝနီးပါး မစိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

 

ချစ်စံ(ခင်ဦး)