တာချီလိတ်   ၁၉ စက်တင်ဘာ 


တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် သက်တော်(၈၄)နှစ်၊ ဝါတော်(၆၁)ဝါ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒ န္တပညာသာမိဆရာတော်ဘုရားကြီးသည် ၁၃၈၁ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ ၇-၉-၂၀၁၉ ရက်နေ့ည ၉နာရီ ၁၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ၁၃၈၁ ခုနှစ်၊တန်ဆောင်မုန်းလဆန်း(၃)ရက်၊ ၃၀-၁၀-၂၀၁၉ ရက်နေ့တွင် တာချီလိတ်မြို့ မြို့မသုသာန်သစ်(ပုံလို့)တွင် ကျင်းပသွားမည်ဖြစ်သည်။ ဈာပနအခမ်းအနားတွင် ဧည့်ပရိသတ် တစ်သိန်းကျော်အတွက် နေရာချထားရေး၊ ယာဉ်ရပ်နားရေးနှင့် လမ်းပိတ်ဆို့မှုများ မဖြစ်စေရေး တို့အတွက် ဈာပနကျင်းပရေးကော်မတီမှ ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မောင်ဆွေငြိမ်း