မင်းဘူး ၁၉ စက်တင်ဘာ         
    

ကျောင်းသား ကျောင်းသူများ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးတတ်စေရန် ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် မြန်မာစာလုံးပေါင်း သတ်ပုံအမှန်ရွေးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
    

ရှေးဉီးစွာ မင်းဘူးခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်က မြန်မာစာလုံးပေါင်း သတ်ပုံအမှန်ကို မှန်ကန်စွာ သုံးတတ်စေရန်နှင့် ကလေးများ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရသောပြိုင်ပွဲများ ကျင်းပပေးနိုင်မှုကြောင့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ ပြိုင်ပွဲသို့ မင်းဘူးမြို့၊ အခြေခံပညာအထက်ကျောင်းခွဲ၊ မြို့မကျောင်း မှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆု ရရှိသူများအား ခရိုင်ဉီးစီးအရာရှိ နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက်တက်ရောက်လာသည့် ကျောင်းသား/သူများက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲသို့ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မှ ဝန်ထမ်း များ၊ မင်းဘူးမြို့၊ အခြေခံပညာအထက်ကျောင်းခွဲ၊ မြို့မကျောင်းမှ ကျောင်းသား ကျောင်းသူ (၄၆)ဉီး နှင့် ဆရာ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်စိုးဝင်း(မင်းဘူး)