အောင်လံ ၁၉ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ထိန်အင်းကျေးရွာနှင့် ထမကန်ကျေးရွာတို့တွင် စက်တင်ဘာ (၁၈) ရက် ည(၈)နာရီက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။ 


    
အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း၊ လေဘေးသင့်ခံရသူများအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ခေတ္တယာယီနေရာချထားပေးကာ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အစီအမံဖြင့် အိမ်များအား ပြင်ဆင်နိုင်ရေး   စီမံဆောင်ရွက်လျှက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ရရှိရေးအတွက်  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

သိန်းလွင်(အောင်လံ)