ညောင်ဦး ၁၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန်အတွက် ရည်ရွယ်၍ စက်တင်ဘာ ၁၉ ရက်၊ မွန်းလွဲပိုင်းက ညောင်ဦးမြို့၊ အမှတ်(၅)နယ်မြေ အရန်မီးသတ်တပ်စုမှူး ဦးသန်းထိုက်အောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုဂံမြို့ဟောင်း ယွန်းပညာကောလိပ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ် ကွေးရောဂါကင်းဝေးစေရန်အတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ညောင်ဦးမြို့၊ အမှတ်(၅)နယ်မြေ အရန်မီးသတ်တပ်ဖွဲ့စုမှူး ဦးသန်းထိုက်အောင်နှင့် တပ်ဖွဲ့ဝင်များက ယွန်းကောလိပ်ကျောင်းဝန်းအတွင်း ခြင်ခိုအောင်းနိုင်သည့်နေရာများ၊ စာသင် ကျောင်းဆောင်အခန်းများနှင့် နားနေဆောင်များအတွင်း ခြင်နိုင်ဆေးများ လိုက်လံပက်ဖျန်းပေးခဲ့ပြီး ခြင်ပေါက်ပွားမှုမရှိရေး ကြပ်မတ်ဆောင်ရွက်ပေးရန် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


